ဇမ္ဗူသီရိမြို့နယ်၌ အခြေခံပညာကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲကျင်းပ

ဇမ္ဗူသီရိ နိုဝင်ဘာ ၃

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၌ မြို့နယ်အဆင့်ကျောင်းပေါင်းစုံ ကျောင်းသားအားကစားပွဲတော်အတွက် အရည်အချင်းပြည့်မီသော ထူးချွန်အားကစားသမားများ စေလွတ်နိုင်ရေးအတွက် အခြေခံပညာကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်း အားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်ပညာရေးမှူးကိုယ်စား ဆရာကြီး ဦးဝင်းမြင့်ဦးက အဖွင့်အမှာစကား ပြောကြားခဲ့သည်။

အဆိုပါ မြို့နယ်အဆင့်အားကစားပြိုင်ပွဲတွင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/ကျောင်းသူတို့အား ယနေ့တွင် အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်း၌ ဘောလုံးရွေးချယ်ပွဲ(ကျား/မ)ပွဲအား ကျင်းပခဲ့ပြီး  ပိုက်ကျော်ခြင်း၊ ဘော်လီဘော၊ ကြက်တောင်၊ ဘက်စကတ်ဘော၊ စားပွဲတင်တင်းနစ်နှင့် ပြေး၊ ခုန်၊ ပစ်အားကစားပြိုင်ပွဲများအား နိုဝင်ဘာ ၃ ရက်နေ့မှ ၉ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ရာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများတွင် တက်ရောက်နေသည့် အားကစားဝါသနာရှင် ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

ဟိန်းသူအောင်(ပြန်/ဆက်)