မန်ကန်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

မန်ကန် အောက်တိုဘာ ၂၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မက်မန်းခရိုင်၊ မန်ကန်မြို့တွင် ပြည်တွင်းကူးစက်မှုများ မြင့်တက်နေ သည့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့ဝင်ဂိတ်တွင် နေ့စဉ်ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်၍ အသိပညာပေးခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မန်ကန်မြို့ရှိ ဌာဆိုင်ရာများပူးပေါင်း၍ မန်ကန်မြို့အဝင်ဂိတ်မှ ဖြတ်သန်း သွားလာသူများ အား  ပါးစပ်၊ နှာခေါင်းစည်းများဝေငှ တပ်ဆင်ပေးခြင်း၊ အပူချိန်တိုင်းတာ ပေးခြင်းနှင့် မြို့တွင်းဖြတ်သန်း သွားလာခွင့် ကျန်းမာရေးထောက်ခံစာများ ပါ/မပါ စစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။  

ကျော်ဇင်ထက် (ပြန်/ဆက်)