ကျိုက်မရောမြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ခင်းကျင်းပြသခြင်းဆောင်ရွက်

ကျိုက်မရော   နိုဝင်ဘာ    ၃

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာရေးဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ် စာစောင်များ ခင်းကျင်းပြသခြင်းကို ယမန်နေ့နံနက် ၉ နာရီက အ.မ.က ကလိုင်းကနိုင်ကျောင်း၌ ပြုလုပ်ခဲ့သည်။

ဦးစွာ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို အ.မ.က ကလိုင်းကနိုင်ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ရွှေယမင်း က ပြောကြားပြီး  ပြန်ကြားရေးနှင် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ချိုမြတ်မြတ်ထွေး က ကျောင်းသူ၊ ကျောင်းသားများ ကျောင်းစာအပြင် လူငယ်များ သိသင့်သိထိုက်သော အသိပညာဗဟုသုတများရရှိစေရန်အတွက် ကလေးအလုပ်သမားပပျောက်ရေး၊ အရွယ်မရောက်သေးသောကလေးသူငယ်များ စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးရေးဆိုင်ရာ ပညာပေးခြင်းနှင့် မူးယစ်ဆေးဝါး၏ သားကောင်မဖြစ်စေရန် မူးယစ်ဆေး၏ အန္တရယ်ကြီးမားပုံအကြောင်းတို့ကို အသိပညာပေး ဟောပြောခဲ့သည်။

ထို့နောက်  ကလေးအလုပ်သမားပပျောက်ရေး  ကလေးသူငယ်များ စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးရေးဆိုင်ရာ သိကောင်းစရာများ၊ မူးယစ်ဆေးဝါးအန္တရာယ်နံရံကပ်စာစောင်နှင့် ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းပညာပေး နံရံကပ်စာစောင်များကို ခင်းကျင်းပြသပေးခဲ့ရာ အ.မ.က ကလိုင်းကနိုင်ကျောင်းမှ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရူခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)