စဉ့်ကူးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ မဲရုံမှူး၊ ဒုမဲရုံမှူးများ သင်တန်းဖွင့်ပွဲကျင်းပ

စဉ့်ကူး အောက်တိုဘာ ၂၂

စဉ့်ကူးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ မဲရုံမှူး၊ ဒုမဲရုံမှူးသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီအချိန်က စဉ့်ကူးမြို့ အမှတ်(၂)ရပ်ကွက် ရွှေကူကြီးမူလွန်၌ ကျင်းပရာ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဇော်က အဖွင့်အမှာစကားပြောကြားပြီးနောက် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးအောင်စိုးမှ မဲရုံမှူး၊ ဒုမဲရုံမှူး သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များနှင့် ပတ်သက်၍ ရှင်းလင်းခဲ့သည်။

အဆိုပါသင်တန်း၌ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဦးသက်ဆွေဦး အပါအဝင် သင်တန်းနည်းပြ(၇)ဦးဖြင့် မဲရုံမှူးလုပ်ငန်းလမ်းညွှန်ချက်များကို စဉ့်ကူးမြို့နယ် အတွင်းရှိ မဲရုံ(၁၀၆)ရုံမှ မဲရုံမှူး၊ ဒုမဲရုံမှူး(၁၁၂)ဦးတို့အား ၂ ရက်ကြာ သင်တန်းပို့ချ သွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်မျိုးဝေ