ပုဗ္ဗသီရိ နိုဝင်ဘာ ၃
ပုဗ္ဗသီရိမြို့နယ်၊ ရွာတော်ကျေးရွာအုပ်စု ရွာတော် (စက်ကုန်း) ကျေးရွာရှိ ဓမ္မာရုံ၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပုဗ္ဗသီရိမြို့နယ် ဦးစီးမှူးရုံးမှ လက်ထောက်လဝကမှူး ဒေါ်ခိုင်နီဦးပါ ၄ ဉီးတို့က လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်းနေထိုင်သူ အသက် ၁၀ နှစ် နှင့်အထက် နိုင်ငံသားတို့၏ Biographic Data နှင့် Biometric Data များ ကောက်ယူ၍ Databaseတွင် သိမ်းဆည်းပြီး ဂဏန်း ၁၀ လုံးပါဝင်သည့် Unique ID နံပါတ် သတ်မှတ်၍ မှတ်ပုံတင်ထုတ်ပေးနိုင်ရေးအတွက် ကွင်းဆင်းဆောင်ရွက်ခဲ့ရာ ရွာတော် (စက်ကုန်း) ကျေးရွာရှိ ဓမ္မာရုံ၌ နိုင်ငံသားစိစစ်ရေးကတ်ပြားရရှိပြီးသူ အမှန် ကျား ၇၈ ဦး၊ မ ၁၀၁ ဦး၊ စုစုပေါင်း၁၇၉ ဦးတို့အား ကောက်ယူခဲ့ရာ ဇီဝဆိုင်ရာအချက်အလက် (Biometric Data) ကောက်ယူသည့် လုပ်ငန်းစဉ်များ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သန်းသန်းနွယ်(ပုဗ္ဗ)