အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း နိုင်ငံတော်လုံခြုံရေးနှင့်ကာကွယ်ရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ပြည်သူလူထုက ဒံပေါက်ဘူးများ လားရှိုးမှ တစ်ဆင့်ပေးပို့

လားရှိုး နိုဝင်ဘာ ၃

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း နိုင်ငံတော်လုံခြုံရေးနှင့်ကာကွယ်ရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင် အလှူရှင်များက ဒံပေါက်ဘူးများပေးပို့လှူဒါန်းလျက်ရှိကြောင်း သိရသည်။

အဆိုပါ ဒံပေါက်ဘူးများကို လေယာဉ်ဖြင့် ရန်ကုန်မြို့မှတစ်ဆင့် လားရှိုးမြို့သို့ ပို့ဆောင်ပေးခဲ့ရာ ယမန်နေ့ ညနေပိုင်းက လားရှိုးလေဆိပ်သို့ ရောက်ရှိလာခဲ့ကြောင်းသိရသည်။

စေတနာရှင်ပြည်သူများ လှူဒါန်းသည့် ဒံပေါက်ဘူးများနှင့်အတူ ရှေ့တန်းရောက် တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ရဟန်းသံဃာများနှင့်ပြည်သူများက ရေးသားပေးပို့သည့် ဆုတောင်းမေတ္တာစာလွှာများလည်း ပါဝင်ကြောင်း သိရသည်။

ဒံပေါက်နှင့်အခြားအသုံးအဆောင်ပစ္စည်းများကို  လားရှိုးလေဆိပ်မှတစ်ဆင့်  တပ်မတော်လေယာဉ်၊ ရဟတ်ယာဉ်များဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များထံ  လက်ဝယ်အရောက် လိုက်လံပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

စိုင်းထွန်း(လားရှိုး)