မိုင်းပန်မြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

မိုင်းပန် နိုဝင်ဘာ ၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် ကျောင်းသား/သူများ အသိပညာဗဟုသုတ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် မြို့နယ်လူငယ်ရေးရာကော်မတီအဖွဲ့ဝင်များစုပေါင်း၍ အ.လ.က(ခွဲ)မြို့မ၊ ချယ်ရီခန်းမ၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်အိရွှေစင်လတ်က လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းဟောပြောခဲ့ပြီး လူငယ်များဗလငါးတန်ဖွံ့ဖြိုးရေးအကြောင်းကိုလည်းကောင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှ ဒုရဲမှူး အောင်နေဆန်းက လူငယ်နှင့်မူးယစ်ဆေးအကြောင်းကိုလည်းကောင်း၊  လက်ထောက်ပညာရေးမှူး ဦးတင်ဇော်က လူငယ်နှင့်ပညာရေးအကြောင်းကိုလည်းကောင်း၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နန်းငင်းလိန်က ကလေးသူငယ်အခွင့်အရေးဆိုင်ရာအကြောင်းကိုလည်းကောင်း၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဒေါ်နန်းမိုခမ်းဟိန်းက လူငယ်နှင့်အားကစားအကြောင်းကိုလည်းကောင်း အသီးသီးရှင်းလင်းဟောပြောခဲ့ကြသည်။

လူငယ်ရေးရာအသိပညာပေးဟောပြောပွဲသို့ မြို့နယ်လူငယ်ရေးရာကော်မတီအဖွဲ့ဝင်များ၊ ကျောင်းသား/သူများနှင့် ဆရာ/မများ စုစုပေါင်း(၁၃၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

နော်မှိုင်း(ပြန်/ဆက်)