ကာလိမြို့၌ ယာဉ်စည်းကမ်း လမ်းစည်းကမ်းအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ဆောင်ရွက်

ကာလိ နိုဝင်ဘာ ၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့၌ ယာဉ်စည်းကမ်းလမ်းစည်းကမ်းအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့နံနက် (၉)နာရီ အချိန်ကအခြေခံ ပညာမူလတန်း မိုင်းယိုင်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် အခြေခံပညာမူလတန်း ကျောင်းအုပ်ဆရာမကြီး ဒေါ်မီမီကိုလင်းက အမှာစကားပြောကြားပြီး၊  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  မြို့ဦးစီးမှူး ဒေါ်ထင်ထင်ကျော်က ကျောင်းသား၊ ကျောင်းသူများအား ယာဉ်စည်းကမ်း လမ်းစည်းကမ်းများ သိရှိလိုက်နာစေရန်အတွက် သိထားရမည့် လမ်းပေါ်ရှိ ဆေးရေးအမှတ်အသားများ၊ လမ်းညွှန်အမှတ် အသားများ၊ စက်ဘီးစီးသူများလိုက်နာရမည့်အချက်များ၊ လမ်းလျှောက်သူများ သိရှိလိုက်နာရမည့်အချက်များ၊ ဆိုင်ကယ်စီးလျှင် ဆိုင်ကယ်ဦးထုပ်ဆောင်းရန်နှင့် မေးသိုင်းကြိုးစနစ်တကျ တပ်ဆင် ရန်အချက်များကို   အသိပညာပေးဟောပြောခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယာဉ်စည်းကမ်းလမ်း စည်းကမ်းအန္တရာယ်ဆိုင်ရာ နံရံကပ်စာစောင်ပြသခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှု့ခဲ့ကြကြောင်း သိရသည်။

ထင်ထင်(ကာလိ၊ ပြန်/ဆက်)