ဆီဆိုင်မြို့နယ်၌ စာဖတ်ဝိုင်းကျင်းပ

ဆီဆိုင် နိုဝင်ဘာ ၃

ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)တို့ပူးပေါင်း၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို နေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကြီးဒဲရယ်က စာဖတ်ဝိုင်းကျင်းပ ပြုလုပ်ရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး စာရေးဆရာ မောင်ခင်မင်(ဓနုဖြူ)ရေးသားသောအမွေခံတစ်ယောက် အမွေးပေးသူတစ်ရာစာအုပ်ပါ အခန်းကဏ္ဍအလိုက် ပညာတတ်ဖို့ စာဖတ်ရမည်၊ ဝတ္ထုမဖတ်တာ ရှက်စရာ၊ တံတွေးသောက်သူ၊ အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ စသည့်ခေါင်းစဉ်ပါ အကြောင်းအရာများကို စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့ဝင်များက ဦးဆောင်ဆွေးနွေးကြပြီးနောက် တက်ရောက်လာကြသည့် (Book Club)အဖွဲ့ဝင်များ၊ ကျောင်းသား၊ ကျောင်းသူများက အပြန်အလှန်မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မျိုးမြတ်(ဆီဆိုင်)