ကျောက်ဆည်ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် ကျောင်းသား၊ ကျောင်းသူများ စာပေဖတ်ရှုလေ့လာပြီး အသိပညာဗဟုသုတမြင့်မားစေရန် အထက်တန်းအဆင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပ

ကျောက်ဆည် နိုဝင်ဘာ   ၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ စာပေဖတ်ရှုလေ့လာပြီး အသိပညာဗဟုသုတမြင့်မားစေရန် ရည်ရွယ်ချက်များဖြင့် အထက်တန်းအဆင့်စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယမန်နေ့  မွန်းလွဲ(၂)နာရီက ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက ကျောင်းသား/ကျောင်းသူများ ကျောင်းစာအပြင် စာပေအသိပညာဗဟုသုတ ရရှိစေရန်၊စာဖတ်ရှိန်မြင့်မားစေရန်၊ ဘက်စုံထူးချွန်သော ကျောင်းသားကျောင်းသူများဖြစ်စေရန်ဖြင့် ပြိုင်ပွဲများကျင်းပပြုလုပ်ရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ အထက်တန်းအဆင့်စာဖတ်စွမ်းရည်ပြိုင်ပွဲတွင် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ(၂၅)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ပွဲဝင်ကျောင်းသား/ကျောင်းသူများအား လက်ထောက်ညွှန်ကြားရေးမှူးဒေါ်တင်တင်ထွေးက ဂုဏ်ပြုလက်ဆောင်များအသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြောင်းသိရသည်။

တင်တင်ထွေး