သင်္ဃန်းကျွန်း နိုဝင်ဘာ ၂
ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ သင်္ကန်းကျွန်းပညာရေးဒီဂရီကောလိပ် စုပေါင်းကထိန်သင်္ကန်း ကပ်လှူပူဇော်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က သင်္ဃန်းကျွန်းပညာရေးဒီဂရီကောလိပ် ပညာနေခြည်ခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားကို နမောတဿ(၃)ကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ခဲ့ပြီး ဓမ္မဝိဟာရ ပထမကျော် စာသင်တိုက်ပဓာန နာယက ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဂဂုဝံသာဘိဝံသထံမှ ငါးပါးသီလ ခံယူခဲ့ကြသည်။
ဆက်လက်ပြီး ကထိန်သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းအစုစုတို့ကို ဆရာတော်သံဃာတော်များအား ဆက်ကပ်လှူဒါန်း၍ ရေစက်ချအမျှပေးဝေကာ ဗုဒ္ဓသာသနံ စိရံတိဌတု (၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားကို ပိတ်သိမ်းခဲ့သည်။
အဆိုပါအခမ်းအနားသို့ ပညာရေးဘွဲ့(စာပေးစာယူ)သင်တန်း အမှတ်စဉ်(၄/၂၃)ပထမနှစ်နှင့် (၂/၂၂) ဒုတိယနှစ် သင်တန်းသား/ သင်တန်းသူ(၆၁၀)ဦး၊ ဆရာ/ ဆရာမ(၅၀)ဦး စုစုပေါင်း(၆၆၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)