ကလေးများအတွက် သဘာဝဘေးအန္တရာယ်ကာကွယ်လျှော့ချရေးနှင့် တုံ့ပြန်ဆောင်ရွက်ပညာပေးအခမ်းအနား ကျင်းပ

မော်လမြိုင် နိုဝင်ဘာ ၂

မွန်ပြည်နယ်မော်လမြိုင်မြို့တွင် ကလေးများအတွက် သဘာဝဘေးအန္တရာယ်ကာကွယ်လျှော့ချရေးနှင့် တုံ့ပြန်ဆောင်ရွက်ပညာပေးအခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ အမှတ်(၁၀)အခြေခံပညာအထက်တန်းကျောင်းကျောင်းခန်းမ၌ ကျင်းပသည်။

ထို့နောက် စာသင်ကျောင်းအခြေပြု မီးဘေးလုံခြုံရေး အသိပညာပေးရေး အစီအစဉ်များ ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် မီးဘေး၊ သဘာဝဘေးနှင့် အခြားသောဘေးအန္တရာယ်များ ရင်ဆိုင်ကြုံတွေ့လာပါက လိုက်နာနေထိုင်ပြုမှု ဆောင်ရွက်ရမည့်နည်းလမ်းများ ဘေးအန္တရာယ်လျှော့ချရေးဆိုင်ရာ အသိပညာဗဟုသုတများ၊ ခေတ်မီမီးငြိမ်းသတ်ရေး ယာဉ်စက်များ ခေတ်မီမီးသတ်နှင့်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းသုံး အထောက်အကူပြုပစ္စည်းများအား လက်တွေ့ကိုင်တွယ်လေ့လာကြည့်ရှုနိုင်ရန် ခင်းကျင်းပြသထားသည့်အပြင် စိတ်ဝင်စားဖွယ် ဂိမ်းကစားနည်းများကို ကျောင်းသားသူများ ကိုယ်တိုင်ပါဝင်ကစားရသည့်အတွက် သဘာဝဘေးအန္တရာယ်ကာကွယ်လျှော့ချရေး ပညာပေးအစီအစဉ်ကို မွန်ပြည်နယ်အတွင်းရှိ ကျောင်းများတွင် ဆောင်ရွက်သွားမည်ဖြစ်သည်။

ဆက်လက်၍  မီးဘေးကစားနည်းများဖြစ်ကြသည့် သတ်မှတ်ထားသောပစ်မှတ်ဆီသို့ မီးသတ်ဆေးဘူး အသုံးပြု၍ မီးငြိမ်းသတ်ရသောကစားနည်း (Fire Target Shooting Game)၊ မီးလောင်မီး မီးငြိမ်းသတ်ရေးကဒ်များကိုအသုံးပြု၍ကစားနည်း (Fire Tig-Tag-Toe Game)၊ စောင်ကိုအသုံးပြု၍ လူနာသယ်ဆောင်ကစားနည်း၊ အိမ်မှာရှိသည့် ပစ္စည်းများနှင့် ရှေးဦးသူနာပြုစုရမည့်ကစားနည်း၊ ရေသန့်ဘူးအသုံးပြု၍ အသက်ကယ်ကိုပြုလုပ်ကစားနည်း(Making Life Jacket)၊ သဘာဝဘေးအန္တရာယ်များသည့်အခါ ယူဆောင်သွားရမည့်ပစ္စည်းများကို စဉ်းစားတတ်စေရန် ကစားနည်း(Which items will you take?)၊ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးကဒ် အသုံးပြု၍ ဉာဏ်စမ်းကစားနည်း (Disaster prevention Card Game)၊ ကလေးများ လွယ်ကူစွာနားလည်နိုင်သော ရုပ်ပုံများကို အဆင့်လိုက်ဆက်သောကစားနည်း (Shuffle Game)၊ ကြိုးကလေးပုံပြင် (Rope Save Life )စသည့် ကစားနည်းများကို ကျောင်းသားကျောင်းသူများက စိတ်ပါဝင်စားစွာလေ့လာ၍ ပါဝင် ကစားခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)