ဝမ်းတွင်း နိုဝင်ဘာ ၂
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၌ တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းမှ စတင်ကာ ရေဆုံးကျေးရွာအုပ်စု၊ ကင်းရွာကုန်းကျေးရွာတွင် ဆောင်ရွက်ခဲ့ကြသည်။
ဝမ်းတွင်းမြို့နယ်အတွင်း တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူခြင်းလုပ်ငန်းများနှင့်ပတ်သက်၍ တိရစ္ဆာန်ကောင်ရေနှင့် တိရစ္ဆာန်ထွက်ပစ္စည်းထုတ်လုပ်မှု စာရင်းဇယားများအား အတည်ပြုထုတ်ပြန်နိုင်ရန်၊ တိရစ္ဆာန်ကောင်ရေ တိုးပွားမှုဆိုင်ရာ တွက်ချက်မှု စံနှုန်းများအား သုံးသပ်ပြင်ဆင်နိုင်ရန် စသည့် ရည်ရွယ်ချက်များဖြင့် မြို့နယ်တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူရေးလုပ်ငန်းကော်မတီဝင်များက ကွင်းဆင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူရေးလုပ်ငန်းအား မြို့နယ်၏ ၂၀%ဖြစ်သော ကျေးရွာ(၄၁)ရွာနှင့် ရပ်ကွက်(၁)ခုတို့ကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလ(၁)ရက်နေ့မှ ဒီဇင်ဘာလ(၃၁)ရက်နေ့အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာမေဖြိုးချစ်ထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)