သန်လျင်မြို့နယ်တွင် တိရစ္ဆာန်ကောင်ရေ မြေပြင်စာရင်းကောက်ယူရေးစတင်

ရန်ကုန် နိုဝင်ဘာ ၂

သန်လျင်ခရိုင် သန်လျင်မြို့နယ်တွင် နိုင်ငံတော်အဆင့် တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူခြင်းလုပ်ငန်းကို ယမန်နေ့နံနက်မှစ၍ဆောင်ရွက်ခဲ့သည်။

ယင်းသို့ဆောင်ရွက်ရာတွင် မြို့နယ်တိရစ္ဆာန်စာရင်းကောက်ယူရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးစိုးတင့်နှင့် ကော်မတီဝင်များ၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ခရိုင်နှင့်မြို့နယ်တာဝန်ရှိသူများက သန်လျင်မြို့နယ် ဘုရားကုန်းကျေးရွာအုပ်စု သဲဖြူကျောင်းကျေးရွာတွင် တိရိစ္ဆာန်စာရင်းကောက်ယူနေမှုအားကြည့်ရှုအားပေးကြသည်။

သန်လျင်မြို့နယ် ရပ်ကွက်နှင့်ကျေးရွာအုပ်စုများအတွင်းရှိ တိရစ္ဆာန်ကောင်ရေစာရင်းများအား ဆက်လက်ကောက်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်ဆက်)