တွံတေးမြို့နယ်တွင် တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူခြင်းများ စတင်ဆောင်ရွက်

တွံတေး နိုဝင်ဘာ ၂

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူခြင်းကို ယမန်နေ့နံနက်ပိုင်းက ရန်ကြီးအောင်ကျေးရွာနင့် ၁၃ မိုင် တာကုန်းကျေးရွာများတွင် စတင်ကောက်ယူခဲ့ကြောင်း သိရသည်။

"တိရစ္ဆာန်ကောင်ရေ စာရင်းကောက်ယူရေး ဝိုင်းဝန်းကူညီဆောင်ရွက်ပေး" ဆောင်ပုဒ်နှင့်အညီ မြန်မာနိုင်ငံ၏ တိရစ္ဆာန်ကောင်ရေနှင့် တိရစ္ဆာန်ထွက်ပစ္စည်း ထုတ်လုပ်မှုစာရင်းဇယားများအား အတည်ပြုထုတ်ပြန်နိုင်ရန်နှင့် တိရစ္ဆာန်ကောင်ရေတိုးပွားမှုဆိုင်ရာ တွက်ချက်မှုစံနှုန်းများအား သုံးသပ်ပြင်ဆင်နိုင်ရန်၊ မွေးမြူရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး၊ အသားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အခြေခံကိန်းဂဏန်းများ မှန်ကန်ရေးတို့အတွက် တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူခြင်းများ ဆောင်ရွက်နေမှု ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌အခြေအနေများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မြင့်နှင့် အဖွဲ့ဝင်များ၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာ ဝင်းထွန်းနိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ကော်မတီဝင်များနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

တွံတေးမြို့နယ်၊ မွေးမြူ​ရေးနှင့်ကုသရေးဦးစီးဌာနအနေဖြင့် ရပ်ကွက် (၈) ရပ်ကွက်၊ ကျေးရွာ (၆၅) ရွာတွင် ၂၀၂၃ ခုနှစ် နိုဝင်ဘာ(၁)ရက်နေ့မှ ဒီဇင်ဘာ(၃၁)ရက်နေ့အထိ စာရင်းကောက်အဖွဲ့များက စာရင်းကောက်ယူနေပြီဖြစ်ကြောင်း သိရသည်။

တွံတေးသား