ညောင်ဦး နိုဝင်ဘာ ၂
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ်၌ (၃၅)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ညောင် ဦးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်းများသည် ယနေ့နံနက် ၇ နာရီအချိန်က စုပေါင်းသန့်ရှင်းရေး ပြုလုပ်ပြီး ဧရာဝတီမြစ်အတွင်း ဇီဝိတဒါန ငါးသားပေါက်များ လွှတ်ပေးခဲ့ကြောင်း သိရသည်။
နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျရောက်မည့် (၃၅)နှစ်မြောက် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊ နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ညောင်ဦးမြို့နယ် ပုဂံမြို့ရှိ အနော်ရထာမင်းကြီး တည်ထားကိုးကွယ်ခဲ့သည့် လောကနန္ဒာစွယ်တော်မြတ်စေတီတော်ကြီး ရင်ပြင်တော်ပေါ်တွင် ညောင်ဦးခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်းများစုပေါင်းကာ သန့်ရှင်းရေးပြုလုပ်ခြင်း၊ ဆီမီး၊ ပန်း၊ ရေချမ်းကပ်လှူပူဇော်ခြင်းနှင့် ဧရာဝတီမြစ်အတွင်း ငါးသားပေါက်ကောင်ရေ(၅၀၀)တို့အား ဇီဝိတဒါန ဘေးမဲ့လွှတ်ပေးခြင်းများဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နှစ်ပတ်လည်နေ့အား ဂုဏ်ပြုကြိုဆိုခဲ့ကြပြီး ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးလွင်နှင့်ခရိုင်စီမံအဖွဲ့ဝင်များ၊ ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်နှင့်မြို့နယ်စီမံအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဒီပါလင်း