ကွန်ဟိန်း နိုဝင်ဘာ ၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့နယ်၊ ကွန်ဟိန်းစစ်ဗျူဟာမှူးဖလား အမျိုးသား(အလွတ်တန်း) ဖူဆယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၃ နာရီခန့်က တပ်နယ်(ကွန်ဟိန်း) ဘောလုံးကွင်းတွင် ကျင်းပကြောင်း သိရသည်။
ရှေးဦးစွာ အားကစားသမားများမှ နိုင်ငံတော်အလံအား အလေးပြုခြင်းနှင့် အားကစားဓိဌာန် (၄)ချက် ရွတ်ဆိုခဲ့ကြောင်း သိရသည်။
ထို့နောက် စစ်ဗျူဟာအခြေချ(ကွန်ဟိန်း) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးအောင်ကိုနိုင်မှ အဖွင့်အမှာစကားပြောကြားပြီး ပြိုင်ပွဲဝင်အားကစားသမားများအား လိုက်လံနှုတ်ဆက်သည်။
ဆက်လက်၍ အ.ထ.က(ကွန်ဟိန်း)ဘင်ခရာအဖွဲ့၊ Fitness Dance အဖွဲ့၊ မြန်မာ့သိုင်းအဖွဲ့နှင့် အေရိုးဗစ်အဖွဲ့တို့မှ ကပြဖျော်ဖြေပြီး စစ်ဗျူဟာအခြေချ(ကွန်ဟိန်း) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး အောင်ကိုနိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းနိုင်နှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
ဖွင့်ပွဲအခမ်းအနားတွင် စစ်ဗျူဟာ(ကွန်ဟိန်း)အသင်းနှင့် ကာလိ(ဂ)အသင်းတို့က ယှဉ်ပြိုင်ကစားကြကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲကို ပြိုင်ပွဲဝင်အသင်းပေါင်း(၁၀)သင်းပါဝင်ပြီး ပြိုင်ပွဲကို နိုဝင်ဘာ ၁ ရက်နေ့မှ ၈ ရက်နေ့ထိ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)