လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်တွင် ရပ်ကွက်စာကြည့်တိုက်များအား သုတ/ရသ စာအုပ်များလှူဒါန်း

လှိုင်သာယာ (အနောက်ပိုင်း) နိုဝင်ဘာ  ၂

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမတွင် ရပ်ကွက်/ ကျေးရွာ စာကြည့်တိုက်များအား လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြန်မာနိုင်ငံစာကြည့်တိုက်ဖောင်ဒေးရှင်းကလှူဒါန်းသော သုတ/ ရသ စာအုပ်များ ထပ်ဆင့်လှူဒါန်းပွဲကို ယမန်‌နေ့မွန်းလွဲ (၁) နာရီအချိန်ကပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမြင့်ဇော်က လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာစာကြည့်တိုက်များအား စံညီစာကြည့်တိုက်များဖြစ်အောင် ဝိုင်းဝန်းကူညီကြရန်၊ ရပ်/ကျေး စာကြည့်တိုက်မှူးများကလဲ မိမိတို့စာကြည့်တိုက်ကို တိုးတက်ကောင်းမွန်သော စာကြည့်တိုက်ဖြစ်လာအောင် ကြိုးစားဆောင်ရွက်ကြရန် ရပ်/ကျေးစာကြည့်တိုက်များ ရေရှည်တည်တံ့ခိုင်မြဲစေရန်အတွက် အဖက်ဖက်မှ ပါဝင်ကြိုးစားဆောင်ရွက်ပေးမည်ဖြစ်ကြောင်းနှင့် စာကြည့်တိုက်အတွက်လိုအပ်သော စာအုပ်စာစောင်များအား အခါအားလျော်စွာလှူဒါန်းပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် စာကြည့်တိုက်ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဆန်းမင်းသိုက်က စာကြည့်တိုက်များသည် လူမှုအသိုက်အဝန်း၏ လိုအပ်ချက်များ ကိုက်ညီသောဝန်ဆောင်မှုများပေးရန်ဆိုသည့်အတိုင်း ရပ်ကွက်/ကျေးရွာစာကြည့်တိုက်များတွင် သင်တန်းများဖွင့်လှစ်ပေးခြင်းဖြင့် စာကြည့်တိုက်များ စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရပ်ကွက်/ကျေးရွာရှင်သန်စာကြည့်တိုက် (၄) တိုက်အားတစ်တိုက်လျှင် သုတ/ရသစာအုပ်၊ စာစောင် (၂၇) အုပ်ကို လှူးဒါန်းပေးခဲ့ကြောင်း သိရသည်။

မြင့်ဇော်