ထန်းတပင်မြို့နယ်၌ ကျေးလက်ရေရရှိရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

ထန်းတပင် နိုဝင်ဘာ ၁

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာနမှ ကျေးလက်နေပြည်သူများ သောက်သုံးရေဖူလုံစွာ ရရှိစေရေးအတွက် ကျေးလက်ရေရှိရေးလုပ်ငန်းများကို မြို့နယ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ယမန်နေ့၊ နေ့လယ်ပိုင်းက သံပုရာကုန်ကျေးရွာအုပ်စု၊ အရှေ့သဲဖြူကျေးရွာတွင် ရေသန့်စင်စနစ် တည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ညိုညိုဝင်းနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးသည်။

ရှေးဦးစွာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ညိုညိုဝင်း၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်လင်းသန်း၊ မှော်ဘီခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ဆွေဆွေမြင့်နှင့် တာဝန်ရှိသူများက မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် မြို့နယ်ရုံးဝန်ထမ်းများနှင့်တွေ့ဆုံ၍ ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များကို မှာကြားသည်။

ဆက်လက်၍ အရှေ့သဲဖြူကျေးရွာသို့ သွားရောက်ကာ တင်ဒါအောင်မြင့်မြတ်မွန်ကုမ္ပဏီမှ ၂၀၂၃-၂၀၂၄ခု၊ ဘဏ္ဍာရေးနှစ်တိုင်းဒေသကြီးအစိုးရ ရန်ပုံငွေကျပ် (၂၅.၉၅၉)သန်းဖြင့် ဆောင်ရွက်လျက်ရှိသည့် ရေသန့်စင်စနစ်တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှု့စစ်ဆေးကြောင်းသိရပြီး ရေသန့်စင်စနစ် တည်ဆောက်ခြင်းလုပ်ငန်း တည်ဆောက်ပြီးစီးသွားပါလည်း အရှေ့သဲဖြူကျေးရွာရှိ ကျေးလက်နေပြည်သူများ သောက်သုံးရေဖူလုံစွာ ရရှိတော့မည်ဖြစ်သလို ရေသန့်စင်စနစ် တည်ဆောက်ပြီးစီးမှုအနေဖြင့်လည်း(၈၅)ရာခိုင်နှုန်းအထိ ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

ဇင်မင်းထိုက်