ပင်လောင်းမြို့နယ်တွင် ၂၀၂၃ ခုနှစ် အမျိုးသားအဆင့် တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူခြင်း လုပ်ငန်းဖွင့်ပွဲကျင်းပ

ပင်လောင်း နိုဝင်ဘာ ၁

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် ၂၀၂၃ ခုနှစ် အမျိုးသားအဆင့် တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူခြင်းလုပ်ငန်းဖွင့်ပွဲကို ယနေ့မွန်းလွဲပိုင်းက မြို့နယ်ဘက်စုံသုံးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိန်လှမောင်က အမှာစကားပြောကြားပြီး၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူရေး​ကြီးကြပ်မှုကော်မတီအတွင်းရေးမှူး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာနီနီဝင်းက တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူ​ရေးလုပ်ငန်း၏ ရည်ရွယ်ချက်များ၊ ရည်မှန်းချက်များနှင့် မျှော်မှန်းအကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနဒုတိယညွှန်ကြားရေးမှူးနှင့် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဦးစီးမှူးတို့က စာရင်းကောက်သူများထံသို့ တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူ​ခြင်းဆိုင်ရာ လမ်းညွှန်လက်စွဲစာအုပ်နှင့် မေးခွန်းလွှာများပေးအပ်ခဲ့သည်။ အဆိုပါ အခမ်းအနားသို့ မြို့နယ်အဆင့် ​တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူ​ရေးကြီးကြပ်မှု ကော်မတီဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရင်းကောက်များတက်ရောက်ခဲ့ကြကြောင်း၊ စာရင်းကောက်ယူရာတွင် ပင်လောင်းမြို့နယ် ကျေးရွာအုပ်စု(၁၁) အုပ်စုအတွင်းရှိ ကျေးရွာ (၅၄)ရွာနှင့် ရပ်ကွက် (၃) ရပ်ကွက်မှ အိမ်ထောင်စု (၅၂၃၁) စုမှ မွေးမြူးထားသည့် တိရစ္ဆာန်များကို နိုဝင်ဘာလ (၁)ရက်နေ့မှ ဒီဇင်ဘာလ (၃၁)နေ့ထိ တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူ​ရေးလုပ်ငန်းများကို  ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်