ကျိုင်းတုံ နိုဝင်ဘာ ၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ် ကြက်ခြေနီအသင်းခွဲမှ ကြီးမှူးဖွင့်လှစ်သည့် ရှေးဦးပြုစုခြင်း အခြေခံသင်တန်းကို ယနေ့တွင် အမှတ်(၂)၊ အခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ်သည်။
သင်တန်းတွင် ကျိုင်းတုံမြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှူး ဦးရန်နိုင်ထွန်း ဦးဆောင်သည့် သင်တန်းနည်းပြများက သင်တန်းသား၊ သင်တန်းသူများအား အခြေခံရှေးဦးပြုစုနည်း စနစ်များကို စာတွေ့လက်တွေ့ စနစ်တကျ ဖွင့်လှစ်သင်ကြားပို့ချပေးသည်။
အဆိုပါသင်တန်းသို့ အထက(၂)မှ ကျောင်းသား၊ ကျောင်းသူစုစုပေါင်း ၁၈၀ ဦး သင်တန်းတက်ရောက်ပြီး သင်တန်းအား နိုဝင်ဘာ ၁ ရက်မှ ၃ ရက်ထိ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)