ကျောက်ဆည် အောက်တိုဘာ ၂၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၌ မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်း မိုးစပါးဧက(၃၆၁၅၃)ဧက စိုက်ပျိူးထားရှိမှုများအား မိုးစပါးများအောင်မြင်သည်အထိ စိုက်ပျိူးရေ ပေးဝေသော မြောင်းများအလိုက် ရေအလှည့်ကျစနစ်ဖြင့် ဆည်ရေများပေးဝေသွားမည်ဖြစ်ကြောင်းသိရသည်။
မိုးစပါးများစိုက်ပျိူးထားရှိမှု အောင်မြင်စေရေးဇော်ဂျီမြစ်မှ ငပြောင်ဆည်၊ သင်းတွဲဆည်၊ မင်းရဲဆည်နှင့် ဇီးတော ရေလွှဲဆည်မှ ခွဲထွက်လာသောရေပေးဝေရေး လုပ်ငန်းများဖြင့် ရေများပေးဝေလျက်ရှိပြီး စိုက်ပျိူးရေများ အလေအလွင့် နည်းပါးစေရေးအတွက် နိုင်ငံတော်မှလုပ်အားခပေးစနစ်ဖြင့် မြောင်းများတူးပေးခဲ့ကြောင်းနှင့် ရေအသုံးချသူများ အဖွဲ့များဖွဲ့စည်းကာ စိုက်ပျိူးရေများ စနစ်တကျပေးဝေလျက်ရှိကြောင်းသိရသည်။
ကျောက်ဆည်မြို့နယ်အနေဖြင့် မိုးစပါးများစိုက်ပျိူးရာတွင် ဇော်ဂျီမြစ်၊ ငပြောင်ရေလွှဲဆည်မှ ခွဲထွက်လာသော ငပြောင်မြောင်း၊ မြောင်းမကြီးမြောင်း၊ အထက်လင်းဇင်းမြောင်းများဖြင့် စပါးစိုက်ဧက (၂၀၄၀၉)ဧက၊ သင်းတွဲ ရေလွှဲဆည်မှ ခွဲထွက်လာသော သင်းတွဲမြောင်းမကြီးဖြင့် စပါးစိုက်ဧက(၇၀၆၂)ဧက၊ မင်းရဲရေလွှဲဆည်မှ ခွဲထွက် လာသော မင်းရဲမြောင်းနှင့်တမုတ်မြောင်းများဖြင့် စပါးစိုက် ဧက(၇၈၆၆)ဧက ဇီးတောရေလွှဲဆည်မှ ခွဲထွက်လာ သော ဇီးတောမြောင်းမကြီးဖြင့် စပါးစိုက်ဧက(၈၁၆)ဧက၊ စုစုပေါင်းမိုးစပါး စိုက်ဧက(၃၆၁၅၃)ဧက စိုက်ပျိူးထား ရှိကြောင်း သိရှိရပါသည်။
တင်တင်ထွေး(ခရိုင်ပြန်/ဆက်)