တနိုင်းမြို့ လူထုအခြေပြုဗဟိုဌာန၌  ဉာဏစွမ်းရည်ပြိုင်ပွဲ ပြုလုပ်ဆောင်ရွက်

တနိုင်း နိုဝင်ဘာ ၁

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ၌ လူငယ်များ ဉာဏစွမ်းရည်တိုးတက်စေရန် စက္ကူ‌ခေါက်ပြိုင်ပွဲကို  ယနေ့နံနက် ၁၁ နာရီခွဲက ကျောင်းသားလူငယ်များဖြင့် ပျော်ရွှင်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ  စက္ကူ‌ခေါက်ပြိုင်ပွဲတွင် တနိုင်းမြို့နယ် အခြေခံပညာကျောင်းများမှ ကျောင်းသား ကျောင်းသူ (၁၅) ဦးတို့က ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်းနှင့် ပြိုင်ပွဲကို ကျောင်းသားလူငယ်များ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ စာဖတ်ခြင်းဖြင့် ချစ်ခင်ရင်းနှီးမှုရှိစေရန်၊ တစ်ဦးနှင့် တစ်ဦး အပြန်အလှန်ပြောဆို ဆွေးနွေးတတ်စေရန်နှင့် စာကြည့်တိုက်၌ ပျော်မွှေ့ပြီး ဘက်စုံ ဖွံ့ဖြိုးသည့် လူတော်လူကောင်းများ ဖြစ်စေရန် ရည်ရွယ်၍ ပြုလုပ်ကြောင်း သိရသည်။                 

မနောမြေ(တနိုင်း)