ခရမ်း နိုဝင်ဘာ ၁
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်၊ ကရင်ကန်ကျေးရွာအုပ်စု၊ ကရင်ကန်ကျေးရွာ၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ခရမ်းမြို့နယ်သမဝါယမအသင်းမှ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ရယူဆောင်ရွက်သည့် ကရင်ကန်ကျေးရွာ သုခစံစိုက်ပျိုးထုတ်လုပ်ရေး သမအသင်းကုမ္ပဏီမှ အသင်းသား ဦးဌေးအောင်၏လယ်ဧက (၆)ဧက၊ ဦးခင်ဇော်ဝင်း၏ လယ်ဧက (၁၄)ဧက၊ ဦးတင်ဝင်း၏ လယ်ဧက (၂၀)ဧက၊ဦးအောင်ခင်ဆင့်၏ လယ်ဧက (၅)ဧကတို့ကို ယနေ့နံနက် (၁၀) နာရီက မိုးစပါးများ စတင်ရိတ်သိမ်းခဲ့ကြောင်း သိရသည်။
ခရမ်းမြို့နယ်တွင် သမဝါယမအသင်းစုမှရယူ၍ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် သမဝါယမအသင်းပေါင်း (၃) သင်း ကုမ္ပဏီတစ်ခုရှိပြီး စုစုပေါင်း (၄)သင်း၏
လယ်ဧက (၁၆၈၈)ဧကရှိသည့်အနက် ခရမ်းမြို့နယ်၊ ကရင်ကန် ကျေးရွာအုပ်စု၊ ကရင်ကန်ကျေးရွာရှိ သုခစံစိုက်ပျိုးထုတ်လုပ်ရေး သမအသင်းကုမ္ပဏီတွင် အသင်းသား (၂၄)ဦးစိုက်ဧက (၁၈၈) ဧကမှ တောင်သူများ၏လယ်ဧက(၄၅)ဧကကို စတင်ရိတ်သိမ်းခဲ့ရာ တစ်ဧကလျှင် စပါးတင်း(၇၀)တင်းထွက်ရှိကြောင်း သိရသည်။
အဆိုပါ မိုးစပါးစတင်ရိတ်သိမ်းနေမှုကို သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်သန္တာအောင်နှင့် တာဝန်ရှိသူများ၊ ကုမ္ပဏီမှတာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ကိုမင်း