တိုက်ကြီးမြို့နယ်၌ အသက် (၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများ ပေးအပ်

တိုက်ကြီး နိုဝင်ဘာ ၁

ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးခရိုင် တိုက်ကြီးမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများရှိ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား နိုင်ငံတော်မှ ထောက်ပံ့ပေးအပ်သော လူမှုရေးပင်စင်ထောက်ပံ့ငွေများအား သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများမှတစ်ဆင့် ပေးအပ်ပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးအောင်ကျော်စိုးက တိုက်ကြီးခရိုင်အတွင်းရှိ အသက် (၈၅)နှစ်နှင့်အထက် ဘိုးဘွားတစ်ဦးလျှင် နိုင်ငံတော်မှ ထောက်ပံ့ပေးအပ်သော လူမှုရေးပင်စင်ထောက်ပံ့ငွေ (၃၀၀၀၀/-)ကျပ်နှုန်းဖြင့် အသက် (၈၅)နှစ်နှင့်အထက် ဘိုးဘွား(၁၁၇၅)ဦးအတွက် ထောက်ပံ့ငွေကျပ် စုစုပေါင်း (၃၅၂၅၀၀၀၀/) ကျပ်အား သက်ဆိုင်ရာရပ်ကွက် / ကျေးရွာအုပ်ချုပ်ရေးမှူးများမှ တစ်ဆင့်ပေးအပ်သည်။

အဆိုပါ နိုင်ငံတော်မှ ထောက်ပံ့ပေးအပ်သော လူမှုရေးပင်စင်ထောက်ပံ့ငွေများကို ၂၀၂၃ ခုနှစ် (ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာ)လများအတွက် ထောက်ပံ့ပေးအပ်ခဲ့ပြီး သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများက အသက် (၈၅) နှစ်နှင့်အထက် ဘိုးဘွားများထံသို့ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

စန်းကလျာခိုင် (ပြန်/ဆက်)