မိုင်းဖြတ်မြို့နယ်၌ အသက်(၈၅)နှစ်အထက် ဘိုးဘွားများအတွက် လူမှုရေးပင်စင်များ လွှဲပြောင်းပေးအပ်

မိုင်းဖြတ် နိုဝင်ဘာ ၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်များ  ထောက်ပံ့ပေးအပ်နိုင်ရေးအတွက် လွှဲပြောင်းပေးအပ်ခြင်းကို  အောက်တိုဘာလ ၃၁ရက်၊ နံနက်၁၀နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီအောင်က လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ပေးအပ်ရခြင်း အစီအစဉ်နှင့် ရပ်ကွက်နှင့် ကျေးရွာများအလိုက် ထောက်ပံ့ငွေများရရှိသည့်  အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်သိမ့်သိမ့်ထွန်းတို့က မြို့နယ်အတွင်းရှိ သက်ကြီးဘိုးဘွားများအတွက် လူမှုရေးပင်စင်များကို ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊  ရပ်ကျေးစာရေးများထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ထောက်ပံ့ပေးခြင်းသည် မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ပထမ(၃) လပတ်ဖြစ်သည့် ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာလအတွက် တစ်လလျှင် ကျပ်(၁၀၀၀၀)နှုန်းဖြင့် ဘိုးဘွား (၈၇)ဦးအတွက် ပေးအပ်ခြင်းဖြစ်ပြီး အဆိုပါ ထောက်ပံ့ငွေများကို ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကျေးစာရေးများက ဘိုးဘွားများ လက်ဝယ်အရောက် ဆက်လက်ထောက်ပံ့ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

သန်းထွန်းအေး (ပြန်/ဆက်)