တံတားဦးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် သောက်သုံးရေရှိရေးစက်ရေတွင်းတူးဖော်ပြီးအမြင့်(၁၂)ပေ ၊ ရေဂါလံ(၈၀၀)ဆံ့နှင့်  ဖိုက်ဘာကန်များတည်ဆောက်

တံတားဦး နိုဝင်ဘာ ၁

တံတားဦးခရိုင်၊ တံတားဦးမြို့နယ် အခြေခံပညာအထက်တန်းကျောင်းတွင်  ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားရေးနှင့်သန့်ရှင်းသောသောက်သုံးရေရရှိရေးရည်ရွယ်ချက်ဖြင့် ပေ(၄၀၀)ရှိ (၂)လက်မPVC စက်ရေတွင်းဖော်ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်နေကြောင်းသိရသည်။

အခြေခံပညာဦးစီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားရေး ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အလိုက် သာမန်ပြင်ထိန်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယခုတူးဖော်ပေးသည့် တံတားဦးမြို့ ခြေခံပညာအထက်တန်းကျောင်းတွင် ပေ (၄၀၀)ရှိ (၂)လက်မPVC စက်ရေတွင်း တူးဖော်ပေးခြင်း၊ ဒါ့အပြင် ကျောင်းသား၊ ကျောင်းသူများ လွယ်လင့်တကူ သုံးစွဲနိုင်ရန်အတွက် 2Hp ရေမြှပ်ပန့်၊ မော်တာ၊ (၄)လက်မ Cover Pipeများဖြင့် တပ်ဆင်ဆောင်ရွက်ပေးကာ ကုန်ကျငွေ စုစုပေါင်း (၇၅)သိန်းကျပ်ကို Kaung Hsu Hsat  ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်ပါကြောင်း၊ အမြင့်(၁၂)ပေ၊ ရေဂါလံ(၈၀၀)ဆံ့နှင့် ဖိုက်ဘာကန်၊ (၁)လက်မမောတ်ာနှင့် ရေပိုက်လိုင်းများ သွယ်တန်းလုပ်ငန်းကို စံအိမ်မင်း  ကုမ္ပဏီမှ တန်ဖိုးငွေကျပ်(၆၀)သိန်းဖြင့်ဆောင်ရွက်ရာ ယခုအခါ ရာခိုင်နှုန်းအားဖြင့်(၇၅) ရာခိုင်နှုန်း ပြီးစီးကြောင်း ကျောင်းအုအ်ဆရာကြီး ဦးကိုကိုမောင်ထံမှ သိရသည်။

တံတားဦးမြို့နယ် အခြေခံပညာဦးစီးဌာနအနေဖြင့် ၂၀၂၃-၂၀၂၄ဘဏ္ဍာနှစ်အလိုက် သာမန်ပြင်ထိန်းလုပ်ငန်းများအနေဖြင့် ကျောင်းဆောင်များပြင်ဆင်ခြင်း၊ ဆေးသုတ်ခြင်း၊ ကွန်ကရစ်လမ်းခင်းခြင်း၊ သန့်စင်ခန်းများ တည်ဆောက်ခြင်း၊ ရေတဆွင်းများတူးဖော်ခြင်း၊ ရေစင်များတည်ဆောက်ခြင်း လုပ်ငန်းများပါဝင်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးထံမှသိရသည်။                                            ရဲတင့်(ပြန်/ဆက်)