မြစ်သား နိုဝင်ဘာ ၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြိုနယ်တွင် မြို့နယ်အဆင့် တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူခြင်းလုပ်ငန်းကို မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် CAHW အဖွဲ့များနှင့် မြို့နယ်တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူရေးလုပ်ငန်း ကော်မတီအဖွဲ့ဝင်များနှင့်အတူ ယနေ့နံနက် ၉ နာရီအချိန်က လက်ပံဆိပ်အုပ်စု၊ ကူဖြူကျေးရွာ၌ စတင်ကောက်ယူလျက်ရှိသည်။
ရှေးဦးစွာ တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူခြင်းကို မြို့နယ်စီမံအုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အထွေထွေအုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ရေးမှူး ဦးအေးခိုင်၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာဇာနည်ဇော်က အနီးကပ် ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိပြီး မြို့နယ်ဒုတိယဦးစီးမှူး ဒေါက်တာနေလွင်ထူး တိရစ္ဆာန်ကောင်ရေနှင့် တိရစ္ဆာန်ထွက်ပစ္စည်းများ ထုတ်လုပ်မှု စာရင်းဇယားများအား အတည်ပြုထုတ်ပြန်နိုင်ရန်နှင့် တိရစ္ဆာန်ကောင်ရေ တိုးပွားမှုဆိုင်ရာ တွက်ချက်မှု စံနှုန်းများအား သုံးသပ်ပြင်ဆင်နိုင်ရန် ရည်ရွယ်၍ ဒေသခံပြည်သူများ ရှင်းလင်းပြောကြားပြီး မြို့နယ်အတွင်းရှိ ရပ်ကွက်(၂) ရပ်ကွက်နှင့် ကျေးရွာ(၄၈)ရွာ အိမ်ထောင်စုပေါင်း (၉၀၀၀) ကျော်အား နိုဝင်ဘာ (၁) ရက်နေ့မှ ဒီဇင်ဘာ (၃၁) ရက်နေ့အထိ တိရစ္ဆာန်ကောင်ရေ စာရင်း ကောက်ယူခြင်းကို ဆက်လက်ကောက်ယူသွားမည်ဖြစ်သည်။
အဆိုပါ တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူခြင်းသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးခိုင်၊ မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာ ဇာနည်ဇော်နှင့် ဝန်ထမ်းများ၊ CAHW အဖွဲ့များနှင့် မြို့နယ်တိရစ္ဆာန်ကောင်ရေ စာရင်းကောက်ယူရေး လုပ်ငန်းကော်မတီမှ အဖွဲ့ဝင်များ လက်ပံဆိပ်အုပ်စု၊ ကူဖြူကျေးရွာ၌ တိရစ္ဆာန်ကောင်ရေစာရင်းများ စတင်ကောက်ယူလျက်ရှိကြောင်း မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ဝင်းမင်းထွန်း(မြစ်သား)