တန့်ယန်း နိုဝင်ဘာ ၁
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ၁၃၈၅- ခုနှစ် သီတင်းကျွတ်လပြည့်ကျော် ၂ ရက် အောက်တိုဘာလ ၃၁ ရက်နေ့ နံနက်ပိုင်းက မဟာဒုတ်စာရေးတံလောင်းလှူ ပူဇော်ပွဲ အမှတ်(၂)ရပ်ကွက်ရှိ ဝေဠုဝန်ပရိယတ္တိစာသင်တိုက်ကြီး၌ ကျင်းပ လောင်းလှူကြသည်။
အဆိုပါ မဟာဒုတ်စာရေးတံ လောင်းလှူပူဇော်ပွဲတွင် ဘုရာကြီးကျောင်းတိုက် ဦးစီးပဓာန ဆရာတော် သာသနဓဇဓမ္မာစရိယ၊ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တကောလိယာဘိပါလ (မြို့နယ်သံဃနာယက ဥက္ကဌ)က ငါးပါးသီလ ချီးမြှင့်ပေး၍ စေတနာရှင် အလှူရှင်များက ရဟန်းတော် (၁၆၈)ပါးနှင့် ရှင်သာမဏေ (၈၇၉)ပါး စုစုပေါင်း သံဃာတော် (၁၀၄၇)ပါးအား ဆွမ်းနှင့် လှူဒါန်းဖွယ်ရာများကို လောင်းလှူခဲ့ကြကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)