မက်မန်းမြို့နယ်တွင် လယ်စပါးများစတင်ရိတ်သိမ်းခြင်း ဆောင်ရွက်

မက်မန်း နိုဝင်ဘာ ၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် ဒေသခံပြည်သူများမှ စိုက်ပျိုးထားသော လယ်စပါးများ စတင်ရိတ်သိမ်းခြင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မက်မန်းမြို့နယ်တွင် ယခုနှစ်စပါးစိုက်ရာသီတွင် လယ်စပါးစိုက်ဧက(၁၃၁၃) ဧက၊ ယာစပါး (၃၀၅၇)ဧကနှင့် တောင်ယာစပါး(၅၂၉၀)ဧက၊ စုစုပေါင်း(၉၆၆၀)ဧက စိုက်ပျိုးထာရှိရာ ယခုအချိန် တွင် စပါးစိုက်တောင်သူများက  လယ်စပါးကို စတင်ရိတ်သိမ်းလျက်ရှိကြောင်းသိရသည်။ “မက်မန်း မြို့နယ်တွင် စား၊ ရေ၊ ရိက္ခာ ဖူလုံစေရေး ၊ အထွက်နှုန်းမျိုးကောင်း မျိုးသန့်စပါးစိုက်ပျိုးနိုင်ရေးတို့အတွက် မြို့နယ်စိုက်ပျိုးရေးဝန်ထမ်းများက စိုက်ပျိုးရေးနည်းပညာများအကူအညီပေးခြင်း၊ ဓာတ်မြေဩဇာများကိုလည်းဖြန့်ဝေခဲ့ခြင်းကြောင့် လယ်စပါးအထွက်နှုန်းတိုးနိုင်မည်ဟု ခန့်မှန်းကြောင်း” လယ်စပါးစိုက်ပျိုးသူ ကွန်ဟောင်းကျေးရွာနေ ဦးကျအူထံမှ သိရသည်။

စောဥမ္မာ (ခရိုင်၊ ပြန်/ဆက်)