နွားထိုးကြီးမြို့နယ်၌ ကျောင်းသား/သူများ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်ရေး လူငယ်နှင့်ပညာရေး အသိပညာပေး ဟောပြောပွဲ ကျင်းပ

နွားထိုးကြီး နိုဝင်ဘာ ၁

မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆင်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား/သူများ ဗလငါးတန် ဖွံ့ဖြိုး တိုးတက်စေရန် ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက အမှတ်(၂) ရပ်ကွက်၊ ညောင်ပင်ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးတင့်လွင်ဦးက ကျောင်းသား/သူများအနေဖြင့် ပညာရေးကို ဆုံးတိုင် အောင် သင်ယူကြရန်၊ ဆရာ၊ ဆရာမများ၏ ပြောစကားကို အလေးနက်ထား နားထောင်ကြရန်၊ စည်ကမ်းလိုက်နာပြီး ထူးချွန်ထက်မြတ်သော ကျောင်းသား/ သူများဖြစ်အောင် ကြိုးစားကြစေလိုကြောင်း၊ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်နှင့် မိမိတို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ လုပ်ငန်းစဉ်များအကြောင်းကို ရှင်းလင်းပြောကြားပြီး  လူငယ်နှင့်ပညာရေး၊ လူငယ်နှင့်စာဖတ်ခြင်း အကျိုးကျေးဇူး၊ စာဖတ်ရှိန် မြှင့်တင်ရေးအကြောင်းကို ကျောင်းသား/သူများနှင့် အပြန် အလှန် ဆွေးနွေးခဲ့ကြသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော အသိပညာပေး နံရံကပ်စာစောင်များ၊ စာအုပ်စာစောင်များကို ကျောင်းသား/သူများက စိတ်ပါဝင်စားစွာလေ့လာ ကြည့်ရှုခဲ့ကြောင်း သိရသည်။

သန်းအောင်ဇော်(ပြန်/ဆက်)