မာန်အောင် နိုဝင်ဘာ ၁
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူရေးလုပ်ငန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီက ခအုန်းမော်ကျေးရွာအုပ်စု၊ ကူးတော့ဆိပ်ကျေးရွာ၌ ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဇော်ဟိန်းနှင့် ဌာနဆိုင်ရာများ၊ ကျေးလက်နေပြည်သူများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါက်တာသန်းဝင်းက တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူရေးလုပ်ငန်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး တက်ရောက်လာသူများမှ သိရှိလိုသည်များကို မေးမြန်းရာ မြို့နယ်ဦးစီးမှူးမှ ပြန်လည်ရှင်းလင်းပြောကြားသည်။
ထို့နောက် တိရစ္ဆာန်ကောင်ရေ စာရင်းကို စတင်ကောက်ယူရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဇော်ဟိန်းနှင့် ဌာနဆိုင်များက ကြည့်ရှုအားပေးခဲ့ကြသည်။ မာန်အောင်မြို့နယ်တွင် ရပ်ကွက်(၁)ခု၊ ကျေးရွာအုပ်စု(၁၉)အုပ်စု၊ ကျေးရွာပေါင်း (၂၇) ရွာမှ တိရစ္ဆာန်ကောင်ရေစာရင်းများကို နိုဝင်ဘာလ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၃၁ ရက်နေ့ထိ ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
သိန်းဖေ(ပြန်/ဆက်)