သမိုင်းဝင်ရှေးဟောင်းဦးပိန်တံတားယနေ့ပုံမှန်အတိုင်းသွားလာနိုင်

အမရပူရ နိုဝင်ဘာ ၁

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့ရှိ တောင်သမန်ကျေးရွာနှင့် အမရပူရမြို့ ဆက်သွယ်ထားသော သမိုင်းဝင်ဦးပိန်တံတားသည် အောက်တိုဘာ၂၉ ရက်နေ့က လူစည်ကားလွန်းသဖြင့် တိုင်အမှတ် ၃၉၉ နှင့် ၃၄၀တို့ကျိုးကျမှုဖြစ်ပွားခဲ့ရာ တံတားအမြန်ပြုပြင်နိုင်ရေးကို ရှေးဟောင်းသုတေသနဦးစီးဌာနက ကြိုးစား ဆောင်ရွက်ခဲ့ရာ ယနေ့နေ့ပိုင်း ၁၁ နာရီခွဲအချိန်တွင် ပုံမှန်အတိုင်း သွားလာနိုင်ကြောင်း သိရသည်။

အဆိုပါတံတားကျိုးကျမှုကို အမရပူရရှေးဟောင်းသုတေသနဦးစီးဌာနမှ ဒုညွှန်မှူး ဦးဆန်းထွန်းအောင်ဦးစီး၍ အလုပ်သမား(၁၅)ဦးဖြင့် ပြန်လည်ပြင်ဆင်ခြင်း လုပ်ငန်းအား ဆက်လက်ဆောင်ရွက်ခဲ့ရာ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများနှင့် တောင်သမန် ငှက်လှေအသင်းဥက္ကဋ္ဌနှင့် အသင်းသားများမှ ကူညီ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

စိုးသီဟ(အမရ)