မာန်အောင်မြို့နယ်တွင် အခြေခံပညာမူလတန်း၌ ပညာသင်ကြားနေသော ကျောင်းသား/သူများအား ရခိုင်သဟာယအသင်း(ရန်ကုန်)မှ ဗလာစာအုပ် လှူဒါန်း

မာန်အောင် နိုဝင်ဘာ ၁

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် အခြေခံပညာမူလတန်း၌ ပညာသင်ကြားနေသော နွမ်းပါး ကျောင်းသား/သူများအား ရခိုင်သဟာယအသင်း (ရန်ကုန်)မှ လှူဒါန်းထားသော ဗလာစာအုပ် (၆၅) ဒါဇင် လွှဲပြောင်းလှူဒါန်းခြင်းကို ယမန်နေ့မွန်းလွဲ ၁ နာရီက ရခိုင်သဟာယအသင်း မြို့နယ်ကိုယ်စားလှယ် ဦးမြဒင်အိမ်ရှေ့၌ ပြုလုပ်ခဲ့သည်။

ရှေ့ဦးစွာ ရခိုင်သဟာယအသင်း မြို့နယ်ကိုယ်စားလှယ် ဦးမြဒင်က ဗလာစာအုပ် ပေးအပ်လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီးနောက် မြို့နယ်ကိုယ်စားလှယ် ဦးမြဒင်၊ ဦးစိုးသိမ်း၊ ဒေါ်မေသန်းကြည်နှင့် ဒေါ်ညွန့်ရွှေတို့က အခြေခံပညာမူလတန်းကျောင်း (၂၉) ကျောင်းတွင် ပညာသင်ကြားနေသော နွမ်းပါး ကျောင်းသား/သူများအတွက် ဗလာစာအုပ် (၆၅) ဒါဇင်ကို သက်ဆိုင်ရာ ကျောင်းအုပ် ဆရာ/ဆရာမကြီးများထံ လွှဲပြောင်းပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

သိန်းဖေ(ပြန်/ဆက်)