တာချီလိတ်မြို့၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွား

တာချီလိတ် အောက်တိုဘာ ၃၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ယမန်နေ့ညက မိုးများအဆက်မပြတ်ရွာသွန်းမှုကြောင့် မြို့ပေါ်ရှိ ရပ်ကွက်အချို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည်။

ယမန်နေ့ညပိုင်းကတွင် မိုးများအဆက်မပြတ်ရွာသွန်းပြီး တောင်ကျရေများ ကျဆင်းလာသဖြင့် မယ်ဆိုင်ချောင်းရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ယင်းရေကြီးရေလျှံမှုကြောင့် တာချီလိတ်မြို့၊ မြေနိမ့်ပိုင်းရပ်ကွက်များဖြစ်သည့် ပုန်းထွန်၊ တာလော့၊ မကာဟိုခမ်း ၊ဝမ်ကောင်း၊ ဆန်ဆိုင်း(က-ခ)စတဲ့ ရပ်ကွက်အချို့နှင့် ဗိုလ်ချုပ်လမ်းမကြီးတစ်လျှောက် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကာ ယနေ့  နံနက်ပိုင်း  ၉ နာရီ အချိန်ခန့်တွင် ရေများတဖြည်းဖြည်းပြန်လည်ကျဆင်းနေပြီဖြစ်ကြောင်းသိရသည်။

အေးအေးလတ်