အင်းစိန်မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းကျင်းပ

ရန်ကုန် အောက်တိုဘာ ၃၁

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ စာပေမှဗဟုသုတများစွာရရှိစေရန်နှင့် စာပေကိုပိုမိုရင်းနှီးကျွမ်းဝင်မှုရရှိစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)နှင့် စာပေဥယျာဉ်အသင်း (Book Club) တို့ပူးပေါင်း၍ စာရေးဆရာ တက္ကသိုလ် ဝင်းမွန် ရေးသားထားသည့် အမျိုးသားပညာဝန်ဦးဖိုးကျား၏ဘဝနှင့်စာပေ စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့ မွန်းလွဲ () နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်) လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပသည်။

စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင် (အင်းစိန်)၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးသိမ့်က စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး အင်းစိန်မြို့နယ်၊ စာပေဥယျာဉ်အသင်း (Book Club) နာ.ယ.က ရန်နောင် (ပညာရေး) နှင့် ဥက္ကဋ္ဌ ဦးဘိုကြည် (ဒေါက်တာ ဗိုလ်သံမဏိတောင်တွင်းကြီး) တို့က အမှာစကား အသီးသီးပြောကြားသည်။

ဆက်လက်၍ စာရေးဆရာတက္ကသိုလ်ဝင်းမွန်ရေးသားထားသည့် အမျိုးသားပညာ ဝန်ဦးဖိုးကျား၏ဘဝနှင့်စာပေ စာအုပ်တွင်ပါရှိသည့် အကြောင်းအရာများကို စာရေးဆရာများဖြစ်ကြသည့် ဝင်းနွယ်(ပုသိမ်)၊ ရန်မိုးအောင်(အင်းစိန်)၊ ဆရာမ ငြိမ်းစုသွယ်နှင့်ရွှေဘုတ် (အင်းစိန်)တို့က အသီးသီး အပြန်အလှန် ဆွေးနွေးခဲ့ကြပြီး အင်းစိန်မြို့နယ်၊ စာပေဥယျာဉ်အသင်း (Book Club) နာ.ယ.က ဦးသက်တင်က နိဂုံးချုပ် စကားပြောကြားသည်။

အဆိုပါ စာဖတ်ဝိုင်းသို့ အင်းစိန်မြို့နယ်၊ စာပေဥယျာဉ်အသင်း (Book Club) မှ တာဝန်ရှိသူများ၊ စာပေဝါသနာရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး စာဖတ်ဝိုင်းကို လစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)