ပေါက်တောမြို့နယ်၌ စစ်ကြောင်း(၅)ကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကွင်းဆင်း ဆောင်ရွက်

ပေါက်တော   အောက်တိုဘာ ၃၁

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဥ်(၅)ရပ်၊ဦးတည်ချက်(၉)ရပ်တို့ အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်နှင့် တရားဥပဒေစိုးမိုးရေး၊ နယ်မြေတည်ငြိမ်အေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက်  ယနေ့နံနက်ပိုင်းတွင် စစ်ကြောင်းကြီး( ၅)ကြောင်းအဖွဲ့သည် ဒေသဖွံ့ဖြိုးရေးအတွက် ကွင်းဆင်းဆောင်ရွက်ကြသည်။

ထို့သို့ ကွင်းဆင်းရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျန်အေး၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သည့် စစ်ကြောင်းကြီး (၅) ကြောင်းအဖွဲ့သည် မိုခါဆိုင်ကလုန်းမုန်တိုင်းဒဏ်ကြောင့် ထောက်ပံ့ပေးထားသည့် ပေါက်တောမြို့နယ် နတ်တောင်ပြင်ကျေးရွာ တောင်သူ ဦးထွန်းသာစိန်၏ ကွင်းအမှတ် ၁၀၅၈(B) မိုးစပါးပေါ်ဆန်းရင်စပါးမျိုး SRI စံပြကွက်၊ တောင်သူ ဦးမောင်ဦးနှင့် တောင်သူဦးစံထွန်းကျော်တို့ စိုက်ပျိုးထားသည့် (၁၀)ဧကစံပြစိုက်ခင်းရှိ အောင်မြင်ဖြစ်ထွန်းနေမှုတို့ကို သွားရောက်ကြည့်ရှုအားပေးကြသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျန်အေးက လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)