ကျောက်ဆည် အောက်တိုဘာ ၃၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ လူမှုဝန်ထမ်းဦးစီးမှူးရုံးမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဒုတိယသုံးလပတ်(ဇူလိုင်၊ဩဂုတ်၊စက်တင်ဘာ)အတွက် ကျောက်ဆည်မြို့နယ်အတွင်း အသက်(၈၅)နှစ် အထက် သက်ကြီးဘိုးဘွား(၁၁၃၀)ဦးအား လူမှုရေးပင်စင်များကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
လူမှုရေးပင်စင်ထောက်ပံ့ငွေများကို ကျောက်ဆည်ခရိုင် လူမှုဝန်ထမ်းဦးစီးမှူးရုံးမှ ဒုတိယ ညွှန်ကြားရေးမှူးဒေါ်သန်းသန်းစိုးက ကျောက်ဆည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယ ဦးစီးမှူး ဦးတိုက်ကြီးအောင်ထံပေးအပ်ခဲ့ပြီးထောက်ပံ့ငွေများကို အသက်(၈၅)နှစ်အထက် သက်ကြီး ဘိုးဘွားများ သက်ရှည်ကျန်းမာစွာနေထိုင်နိုင်ရေး တစ်လလျှင်ငွေကျပ်တစ်သောင်းနှုန်းဖြင့် သုံးလ တစ်ကြိမ် ထောက်ပံ့ပေးအပ်လျက်ရှိကြောင်းသိရသည်။
အဆိုပါလူမှုရေးပင်စင်ထောက်ပံ့ငွေများကို ကျောက်ဆည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရပ်ကွက်/ကျေးရွာ စာရေးဝန်ထမ်းများက သက်ကြီးဘိုးဘွား(၁၁၃၀)ဦးအတွက် ငွေကျပ် (၃၃၉၀၀၀၀၀)အား လက်ဝယ်အရောက် ဆက်လက်ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
တင်တင်ထွေး