လွိုင်လင် အောက်တိုဘာ ၃၁
ရှမ်းပြည်နယ်(တောင်ပိုင်း ) လွိုင်လင်မြို့တွင် (၉၄) ကြိမ်မြောက် မြို့လုံးကျွတ်ဆွမ်းဆန်စိမ်း လောင်းလှူပွဲကို ၁၃၈၅ ခုနှစ် ၊ သီတင်းကျွတ်လပြည့်ကျော် ၁ ရက် ၊ ယမန်နေ့ မွန်းလွဲပိုင်းက မြို့မဈေးကြီးရှေ့ မင်းလမ်းတစ်လျှောက်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။
မြို့လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် လွိုင်လင်မြို့ပေါ်နှင့် အနီးပတ်ဝန်းကျင်းရှိ ကျေးရွာဘုန်းကြီးကျောင်းများမှ ပင့်သံဃာ ၃၅၀ ပါးတို့ မြို့လယ်ကျောင်းတိုက်စုရပ်မှတစ်ဆင့် မြို့မဈေးကြီးရှေ့ရှိ ပန်းခင်းလမ်းအတွင်း ကြွရောက်အလှူခံကြရာ လွိုင်လင်တပ်နယ်နှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ ၊ မြို့ပေါ်နှင့် ကျေးရွာများမှ ဒေသခံပြည်သူများက စုပေါင်းလောင်းလှူကြသည်။
သီတင်းကျွတ်လပြည့်နေ့ ညနေပိုင်းတွင် မြကန်သာရေကန်၌ မီးမျှောပူဇော်ပွဲကိုလည်းကောင်း ၊ ည ၇ နာရီတွင် မီးပဒေသာလှည့်လည်ပူဇော်ပွဲကိုလည်းကောင်း စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်းသိရသည်။
ခရိုင်ပြန်/ဆက်