ဝမ်းတွင်းမြို့နယ်ရှိ ရွာသစ်ကျေးရွာ၊ ရွာတန်းကျေးရွာ၊ တမာကုန်းလမ်းပေါ်တွင် Box Culvert တံတားတစ်စင်း တည်ဆောက်ပြီးစီး

ဝမ်းတွင်း အောက်တိုဘာ ၃၁

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်ရှိ ရွာသစ်ကျေးရွာ၊ ရွာတန်းကျေးရွာ၊ တမာကုန်းလမ်းပေါ်မှ ကျေးရွာချင်းဆက် Box Culvert တံတားတစ်စင်း တည်ဆောက်ပြီးစီးပြီဖြစ်ကြောင်း ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။

အဆိုပါ Box Culvert တံတားကို တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေ(၉.၅)သန်းဖြင့် မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက တည်ဆောက်ပေးခဲ့ခြင်းဖြစ်ပြီး အကျယ်(၅)ပေ၊ အရှည်(၂၄)ပေ၊ အမြင့်(၄)ပေရှိကာ ရွာသစ်ကျေးရွာ၊ ရွာတန်းကျေးရွာ၊ တမာကုန်းကျေးရွာများရှိ အိမ်ခြေ(၇၇၂)အိမ်၊ အကျိုးပြု လူဦးရေ(၃၅၁၈)ဦးတို့အနေဖြင့် ရာသီမရွေး လွယ်လင့်တကူသွားလာနိုင်မည့်အပြင် စီးပွားရေး၊ လူမှုရေး၊ ကုန်စည်စီးဆင်းမှုနှင့် ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များအတွက် များစွာအထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)