ဝမ်းတွင်း အောက်တိုဘာ ၃၁
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်ရှိ ကျေးရွာ(၇)ရွာသို့ဆက်သွယ်ထားသော Box Culvert တံတားတစ်စင်း တည်ဆောက်ပြီးစီးပြီဖြစ်၍ ကျေးလက်နေပြည်သူများ လမ်းပန်းဆက်သွယ်မှုအဆင်ပြေချောမွေ့စွာ သွားလာနိုင်ပြီဖြစ်ကြောင်း ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။
အဆိုပါ Box Culvert တံတားကို မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ပြည်ထောင်စု (ပြင်ဆင်ထိန်းသိမ်းခြင်း) ရန်ပုံငွေ (၈.၃) သန်းဖြင့် တည်ဆောက်ပေးခဲ့ခြင်းဖြစ်ပြီး အကျယ်(၅)ပေ၊ အရှည်(၂၄)ပေ၊ အမြင့်(၄)ပေရှိကာ အိုင်သာကျေးရွာ၊ သစ်ပုလွေကန်ကျေးရွာ၊ ဘုရားကြီးကျေးရွာ၊ မုံတောကျေးရွာ၊ ကုန်းကန်ကျေးရွာ၊ တောင်ဆည်ကျေးရွာနှင့် ရှောက်တောကျေးရွာတို့ကို လွယ်လင့်တကူ ကူးလူးသွားလာနိုင်မည့်အပြင် ကျေးရွာ(၇)ရွာ၏ ဖွံ့ဖြိုးတိုးတက်ရေး၊ ကုန်စည်စီးဆင်းမှုနှင့် ပညာရေး၊ ကျန်းမာရေးဆိုင်ရာကိစ္စရပ်များအတွက် များစွာအကျိုးပြုမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)