ပြင်ဦးလွင် အောက်တိုဘာ ၃၁
ပြင်ဦးလွင်မြို့ မဟာအံ့ထူးကံသာ ဆုတောင်းပြည့်ဘုရားကြီးတွင် သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့) ၌ ဂေါပကမိသားစုများနှင့် ဝန်ထမ်းမိသားစုများက ကြီးမှူး၍ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများက စုပေါင်း၍ မြတ်စွာဘုရားရှင်အား ဆီမီး ၃ဝဝဝ ထွန်းညှိပူဇော်ပွဲကို ယမန်နေ့ညနေ ၆ နာရီက မဟာအံ့ထူးကံသာဆုတောင်းပြည့်ဘုရား၊ ရင်ပြင်တော်တွင် ကျင်းပသည်။
အခမ်းအနားတွင် သီတင်းကျွတ်လပြည့်နေ့ ဆီမီး ၃၀၀၀ ပူဇော်ပွဲသို့ တက်ရောက်လာသည့် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများက မြတ်စွာဘုရားအား ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်ခြင်း၊ ကုသိုလ်ကောင်းမှုများ စုပေါင်းပြုလုပ်ခြင်းများ ဆောင်ရွက်ခဲ့ကြပြီး ဂေါပကမိသားစုများနှင့် ဝန်ထမ်းမိသားစုများနှင့်အတူ ဆီမီး ၃၀၀၀ ထွန်းညှိပူဇော်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ထို့ပြင် ထူးမြတ်သည့် သီတင်းကျွတ်လပြည့်နေ့တွင် စုပေါင်းညီညွတ်သည့်အင်အားတို့၏ ပြယုဂ်အဖြစ် မီးပုံးပျံလွှတ်တင်ပူဇော်ခြင်းများကိုလည်း စည်ကား သိုက်မြိုက်စွာ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဖြူလူသစ် (ခရိုင်ပြန်/ဆက်)