မလှိုင်မြို့၌ သတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့)၌ ဆီမီး ၁၀၀၀ ၊ ပန်း ၁၀၀၀ နှင့် မီးပုံးပျံ အလုံး ၅၀၀ လွှင့်တင်ပူဇော်

မလှိုင် ၊ အောက်တိုဘာ ၃၁

မန္တလေးတိုင်းဒေသကြီး မလှိုင်မြို့၌ သီရိဓမ္မာသောကမင်းတရားကြီး တည်ထားကိုးကွယ်တော်မူခဲ့သည့် သမိုင်းဝင်ရွှေမုဌော စေတီတော်မြတ်ကြီးတွင် သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့)ညနေ ၆ နာရီခွဲ အချိန်၌ ဆီမီး ၁၀၀၀၊ ပန်း ၁၀၀၀ လှူဒါန်း၍ မီးပုံးပျံအလုံး ၅၀၀ လွှင့်တင် ပူဇော်ခဲ့ကြကြောင်းသိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊  မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက် ဦးဆောင်၍ ဌာနဆိုင်ရာ အကြီးအကဲများ၊ ဝန်ထမ်းများ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ ဓမ္မစကြာ ဝတ်အသင်းများ စုပေါင်း၍ စေတီတော်မြတ်ကြီးအား ဆီမီး ၁၀၀၀၊ ပန်း ၁၀၀၀ ဆပ်ကပ်လှူဒါန်းခဲ့ကြသည်။ ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူးဦးဆောင်၍ ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များက မီးပုံးပျံ အလုံး ၅၀၀ ကိုထွန်းညှိကာ တင်လှူပူဇော်ခဲ့ကြသည်။

အဆိုပါနေ့က စေတီတော်ကြီး ရင်ပြင်တော်နှင့် ဘုရားပုရဝဏ်အတွင်း၌ ဘုရားဖူးလာသူပြည်သူများက ပန်း၊ ရေချမ်း၊ ဆီမီး ကပ်လှူသူများဖြင့် အထူးစည်ကားလျက်ရှိကြောင်းသိရသည်။

အောင်ဌေး (မလှိုင်)