ကွန်ဟိန်းမြို့၌ မြို့နယ်လုံးကျွတ် ဆွမ်းဆန်စိမ်း လောင်းလှူပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပ

ကွန်ဟိန်း အောက်တိုဘာ ၃၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့၌ (၅၅)ကြိမ်မြောက် မြို့နယ်လုံးကျွတ် ဆွမ်းဆန်စိမ်း လောင်းလှူပွဲကို ယနေ့နံနက် ၇ နာရီက ပြည်ထောင်စုလမ်းမကြီးပေါ်တွင် စည်ကားသိုက်မြိုက်စွာ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 ဆွမ်းဆန်စိမ်း လောင်းလှူပွဲတွင် စစ်ဗျူဟာအခြေချ(ကွန်ဟိန်း) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး အောင်ကိုနိုင်နှင့် ကွန်ဟိန်းတပ်နယ်မိသားစုများ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး  ဦးဝင်းနိုင်နှင့် ဝန်ထမ်းမိသားစုများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများအပါအဝင် ရပ်နီးရပ်ဝေးမှ စေတနာရှင်၊ အလှူရှင် ပြည်သူများက ကွန်ဟိန်းမြို့နယ်တွင်းရှိ ဘုန်းကြီးကျောင်း (၁၆)ကျောင်းမှ သံဃာတော်များနှင့် သီလရှင်များ စုစုပေါင်း (၂၇၀)ပါးတို့အား ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ပစ္စည်းအမျိုးမျိုးကို လောင်းလှူခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)