ကျိုင်းလပ် အောက်တိုဘာ ၂၂
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့ နမ့်ငေါ့ကျေးလက်ကျန်းမားရေးဌာနခွဲမှ အသက် (၉)နှစ်မှ (၁၀)နှစ်အထိ မိန်းကလေးတိုင်းကို သားအိမ်ခေါင်းကင်ဆာ HPV ကာကွယ်ဆေးအား ယမန်နေ့နံနက် (၁၀)နာရီ က ထိုးနှံပေးခဲ့သည်။
ထိုသို့ ထိုးနှံပေးခြင်းကို ကျိုင်းလပ်မြို့ ပြည်သူ့ကျန်းမာရေးဌာနဦးစီးဌာန၊ နမ့်ငေါ့ ကျေးလက် ကျန်းမာရေး ဌာနခွဲမှ သားဖွားဆရာမ ဒေါ်နန်းအိမ် တို့က အိတ်ချ်ပီဗီရောဂါပိုးကြောင့် ဖြစ်ပွား နိုင်သည့် ကင်ဆာရောဂါများကို ထိထိရောက်ရောက် ကာကွယ်နိုင်ရေး ပုံမှန်ကာကွယ်ဆေးထိုးနှံ ပေးခြင်းကို အောက်တိုဘာလ (၂၁)ရက်နေ့မှ စတင်ကာ HPV ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါ HPV ကာကွယ်ဆေးကို နမ့်ငေါ့ကျေးရွာရှိ အသက် (၉)နှစ်မှ (၁၀)နှစ်အထိ မိန်းကလေး စုစုပေါင်း (၃၇)ဦး အားထိုးနှံပေးခဲ့ကြောင်း သိရသည်။
ဖြူဖြူဝင်း (ပြန်/ဆက်)