ကာလိ အောက်တိုဘာ ၃၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့တွင် ၁၃၈၅ ခုနှစ် သီတင်းကျွတ်လပြည့်ကျော် (၁) ရက်နေ့ မြို့လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ပြည်ထောင်စုလမ်း ကာလိလမ်းပိုင်းမြို့တွင်း လမ်းတလျှောက်၌ ယနေ့ နံနက်(၆:၃၀) နာရီအချိန်က စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
အဆိုပါ ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် ဘုရားအမှုပြု၍ မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်း တိုက် (၃) ကျောင်းမှ သံဃာ(၃၅၀)ပါး ကြွရောက်အလှူခံတော်မူခဲ့ပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့အုပ်ချုပ်ရေးမှူး ဦးစန်းမြင့်သန်းနှင့်အဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့မှမိသားစုဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေး အဖွဲ့များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့သူ/မြို့သားများ၊ ဈေးသူ/ ဈေးသားများနှင့် စေတနာရှင်အလှူရှင်များက ဆွမ်းဆန်တော်၊ ဝတ္ထုငွေများ၊ ဆီ၊ ဆား၊ ဆေး၊ ဆပ်ပြာ၊ အချိုရည်၊ ဖယောင်းတိုင်၊ အမွှေးတိုင်စသည့် လှူဖွယ်ပစ္စည်းများကို လောင်းလှူပူဇော်ခဲ့ကြသည်။
ထိုသို့ မြို့လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲတွင် ဆရာတော်အရှင်သူမြတ်များ အေးချမ်းစွာအလှူခံကြွရောက်တော်မူနိုင်ရန် ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များက ဝိုင်းဝန်းကုသိုလ်ပြု လိုက်ပါကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထင်ထင် (ကာလိ၊ပြန်/ဆက်)