ကွန်ဟိန်း အောက်တိုဘာ ၂၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကွန်ဟိန်းမြို့၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ဝေသည့် လက်ကမ်းစာစောင်များကို ယနေ့နံနက် ၈ နာရီအချိန်ခန့် က ရပ်ကွက်များနှင့် ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် ဒေသခံပြည်သူများထံသို့ အခမဲ့ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
အဆိုပါလက်ကမ်းစာစောင်တွင် မဲပေးခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ၊ ရွေးကောက်ပွဲ ကျင်းပပြုလုပ် သည့်နေ့၌ ဆန္ဒမဲပေးခြင်းသည် နိုင်ငံသားတိုင်း၏ အခွင့်အရေးဖြစ်ကြောင်း၊ ယင်းသို့ ဆန္ဒမဲပေးရာတွင် ဆောင်ရန်/ရှောင်ရန်အချက်များ၊ လိုက်နာဆောင်ရွက်ရမည့် အကြောင်းအရာများ ထည့်သွင်းဖော်ပြထားပါသည်။
ယင်းသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ဝေသည့်လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းအား မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး၊ ဦးစီးအရာရှိ ဦးဗန်ကယ်မီလျာ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်နန်းပြည့်စန္ဒီမြင့်နှင့် ဝန်ထမ်းများမှ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပြည့်စန္ဒီမြင့်(ပြန်/ဆက်)