ပြင်ဦးလွင် အောက်တိုဘာ ၃၀
ပြင်ဦးလွင်မြို့ ဇိနမာရ်အောင်လွတ်လပ်ရေးအောင်စေတီတော် (၁၉)ကြိမ်မြောက် ဆီမီး(၉ဝဝဝ)ပူဇော်ပွဲအခမ်းအနားကို သာသနာတော်နှစ် ၂၅၆၇ ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ သီတင်းကျွတ်လပြည့်နေ့ ညနေ ၆ နာရီက ကျင်းပသည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿ(၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ပြီး ပြင်ဦးလွင်တပ်နယ်မှ စစ်ဘက်ဆိုင်ရာအရာရှိကြီးများနှင့်ဇနီးများ၊ ပြင်ဦးလွင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌဦးသန့်ဇော်ဦးနှင့်ဇနီး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ပြင်ဦးလွင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်အောင်လွင်နှင့်ဇနီး၊ ဇိနမာန်အောင်လွတ်လပ်ရေးအောင်စေတီတော် ဘုရားဂေါပက အဖွဲ့ဝင်များ၊ ဆီမီးအလှူရှင်များက ရာဟုထောင့်ရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်ပူဇော်ထားရှိသော အောင်မြေအရပ်မှ ဆီမီးစတင်ထွန်းညှိပူဇော်ခြင်းနှင့် ဆီမီး(၉၀၀၀)ပူဇော်ပွဲတွင် ပါဝင်ပူဇော်ကြမည့် ဆီမီးအလှူရှင်အားလုံးတို့မှ မိမိတို့သတ်မှတ်နေရာများတွင် ဆီမီးများထွန်းညှိပူဇော်ကြသည်။
ဆက်လက်၍ ဆီမီးပူဇော်ပွဲအား တာဝန်ရှိသူများက လက်ယာရစ် လှည့်လည်ကြည်ညိုပြီး ဆီမီး(၉၀၀၀)ပူဇော်ပွဲအား အောင်မြင်စွာရုပ်သိမ်းခဲ့ကြသည်။ အဆိုပါ ဇိနမာရ်အောင်လွတ်လပ်ရေးအောင်စေတီတော် (၁၉)ကြိမ်မြောက် ဆီမီး(၉ဝဝဝ)ပူဇော်ပွဲ အခမ်းအနားတွင် ပြင်ဦးလွင်တပ်နယ်နှင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်ကြီး(၁)မှ (၁၀)အထိ ရပ်ကွက်များမှ ပြည်သူများကစုပေါင်း၍ မြတ်စွာဘုရားအား ဆီမီး ၉၀၀၀ ဖြင့် ထွန်းညှိပူဇော်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
ဖြူလူသစ် (ခရိုင် ပြန်/ဆက်)