ဘူးသီးတောင်မြို့၌ မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းအသီးသီးမှ သံဃာတော်(၁၀၀)ပါးအား သိမ်ဆင်းဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ

ဘူးသီးတောင် အောက်တိုဘာ ၃၀

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌ ပုရိမဝါမှထမြောက်တော်မူလာကြသော ဘူးသီးတောင်မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းအသီးသီးမှ သံဃာတော်(၁၀၀)ပါးအား သိမ်ဆင်းဆွမ်းဆန်စိမ်းလောင်းလှူခြင်းကို ယမန်နေ့ညနေ (၂)နာရီခွဲအချိန်က  မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌ သာသနာ့အလင်းရောင် ကျောင်းတိုက်၌ကျင်းပသည်။

အဆိုပါ သိမ်ဆင်းဆွမ်းဆန်စိမ်းလောင်းလှူရာတွင် မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌ သာသနာ့အလင်းရောင် ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တဝါရိန္ဒနှင့် ဘူးသီးတောင်မြို့နယ်ရှိ သံဃာတော်ကြီးများ၊ ပုရိမဝါမှထမြောက်တော်မူလာကြသော ဘုန်းတော်ကြီးကျောင်းအသီးသီးမှ သံဃာတော်(၁၀၀)ပါးတို့အား ဘူးသီးတောင်တပ်နယ်မှူး ဗိုလ်မှူးကြီးတင်မိုးအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးအောင်ကျော်ကျော်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သက်ဇံ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ပြည်သူများကဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ဝတ္ထုများအား စည်ကား သိုက်မြိုက်စွာ ဆက်ကပ်လောင်းလှူဒါန်းခဲ့ကြကြောင်းသိရသည်။

လှကျော်( ပြန်/ဆက်)