လယ်ဝေးမြို့နယ်၊ အမှတ်(၆)ရပ်ကွက် ဝတ်ဖြူတော်အသင်း၏ (၆၃)ကြိမ်မြောက် ဆွန်းဆန်စိမ်းလောင်းလှူပွဲကျင်းပ

လယ်ဝေး အောက်တိုဘာ ၃၀

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ အမှတ်(၆)ရပ်ကွက် ဝတ်ဖြူတော်အသင်း၏ (၆၃)ကြိမ်မြောက်၊ နှစ်စဉ်မပျက် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယမန်နေ့ ညနေ ၃ နာရီက ကျင်းပသည်။

လယ်ဝေးမြို့ အမှတ်(၆)ရပ်ကွက်၊ ဗုဒ္ဓဝေယျာဝစ္စ၊ ဓမ္မဝေယျာဝစ္စ၊ သံဃာ့ဝေယျာဝစ္စ ဝတ်ဖြူတော်အသင်းကြီးအနေဖြင့် ဝါတွင်းသုံးလပြည့်မြောက်သည့် အခါသမယတွင် သံဃာတော်များအား နှစ်စဉ်မပျက် ဆွမ်းဆန်စိမ်းများလောင်းလှူခြင်း၊ ပဒေသာပင်မဲများ လှူဒါန်းခြင်းစသည်တို့ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်းသိရသည်။

ယနေ့ ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် လယ်ဝေးမြို့နယ်အတွင်းရှိ ကျောင်းပေါင်း (၃၇) ကျောင်းမှ ရဟန်း၊ သာမဏေနှင့် သီလရှင်စုစုပေါင်း အပါး (၇၀၀) ကျော်အား အလှူငွေကျပ် (၁၃၇) သိန်းကျော်တန်ဖိုးရှိ ငွေပဒေသာပင် (၃၇) ခုနှင့် ဆွမ်းဆန်စိမ်းများ လောင်းလှူခဲ့ကြောင်း သိရသည်။

ဝေကြည်(ပြန်/ဆက်)